7Day TV
7Day TV 16.5K Views
  • 989
  • 253
  • 28
ဖေဖော်ဝါရီ-၂၅၊ ၂၀၁၇
(Unicode)
ဒလနဲ့ ကြည့်မြင်တိုင်မှာ အထူးစီးပွားရေးဇုန်ဆောက်ဖို့ လေ့လာစမ်းစစ်နေတယ်လို့ ဆို
ဖေဖော်ဝါရီ-၂၅၊ ၂၀၁၇
ပင်လယ်ဆိပ်ကမ်းသစ် တစ်ခုကို ရန်ကုန်မှာ တည်ဆောက်ဖို့နဲ့ ဒလနဲ့ ကြည့်မြင်တိုင်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်ဖို့ လေ့လာဆန်းစစ်မှုတွေ လုပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ရက်မှာ လှည်းကူးမြို့နယ်က ပြည်သူလူထုနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တွေ့ဆုံပွဲမှာ အခုလို အသိပေးခဲ့တာပါ။ ဒါ့အပြင် လက်ရှိပြေးဆွဲနေသော YBS ယာဉ်လိုင်းတွေ အဆင့်မြှင့်တင်သွားမှာဖြစ်တာကြောင့် ကားသစ် အစီးရေ ၃၀၀၀ မှာကြားထားပြီး မတ်လအကုန်မှာ ကားသစ်တွေ ရောက်ရှိလာမယ်လို ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါတယ်။
ရုပ်သံသတင်းထောက်-မြတ်သီဟမောင်
#ဒလ #ကြည့်မြင်တိုင် #အထူးစီးပွားရေးဇုန် #YBS #ဦးဖြိုးမင်းသိန်း #LocalNews #7DayNews #7DayTV
(7Day News ဂျာနယ်နဲ့ 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)‬‬‬‬‬‬‬‬
အောက်ပါလင့်များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်
http://www.7daydaily.com/video/90178
https://youtu.be/cVIQzZlVjf0
Posted 2 years ago in OTHER